Posts

အညတရရုပ်ပုံလွှာများ- မြသန်းတင့်

 အညတရရုပ်ပုံလွှာများ - မြသန်းတင့် "ကျွန်တောိ့ အင်တာဗျူးတွေဟာ ကျွန်တော်တို့နိုင်ငံက သာမန်လူတွေရဲ့ ဘဝတွေ၊ အတန်းအစား အသီးသီးက သူတွေရဲ့ ဘဝအကြောင်း မြန်မာ စာဖတ်ပရိသတ်တွေ သိစေချင်လို့ပါ။ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းကြီးက အပိတ်ကြီး။ တစ်ယောက်အကြောင်း တစ်ယောက် သေချာ နားမလည်ကြဘူး။" "ကျွန်တော်ရေးတာ ပြင်ပကမ္ဘာက သူတွေအတွက် မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံက သူတွေအတွက်ပါ" ဆရာမြဟာ အမေရိကန်အဖွဲ့အစည်းတွေအကြောင်းရေးထားတဲ့ Studs Terkel ရဲ့ စာအုပ်တွေကို ဖတ်မိပြီး ဒီစာအုပ်ကိုရေးဖို့ အကြံရသွားတာလို့ အမှာစာမှာဖော်ပြထားတယ်။  တကယ်ပဲ ဆရာရေးခဲ့တဲ့ အင်တာဗျူးတွေထဲက လူတွေရဲ့ ဘဝတွေဟာ အခုကာလထိ ထင်ဟပ်နေတုန်းပဲ။ စာအုပ်ထဲမှာ မြို့ကြီးကလူတွေအကြောင်းလဲပါတယ်၊ မြို့သေးသေးလေးက လူတွေအကြောင်းလဲပါတယ်။ ဟိုး ရှမ်းပြည်နယ်၊ ကယားပြည်နယ်ဘက်က တိုင်းရင်းသားတွေအကြောင်းလဲပါတာပဲ။  စပယ်ယာအကြောင်းလဲ ပါသလို လူ့လောကကို စိတ်ကုန်ပြီး သာသနာ့ဘောင်ဝင်သွားတဲ့ ဆရာလေးအကြောင်းလဲပါတယ်။ ပြဇာတ်ကတဲ့ ယိမ်းသမအကြောင်းကနေ မိုင်းတွင်းထဲက အလုပ်သမားအကြောင်းထိ စိတ်ဝင်စားဖို့ကောင်းတာချည်းပဲ။ ဒီစာအုပ်ထဲမှာ ဘဝတွေစုံသလို လူတွေလည်း စုံတယ်။ အလုပ်တွေလည်း စု...

Inner child- Tim

Image
  အင်းနားချိုင်း  - Tim ဒိစာအုပ်ကို   ကြိုက်လွန်းလို့ဖတ်ဖြစ်တာ   သုံးခေါက်ရှိပြီ၊   ကိုယ်မှတ်မိသလောက်ဆိုရင်   အရင်က  " အင်းနားချိုင်း "  လို  genre  မျိုး   မဖတ်ဖူး၊မတွေ့ဖူးဘူး၊   ဒီ့အတွက်  Tim  ကိုပဲကျေးဇူးတင်ရမယ်။   စာအုပ်ထဲမှာ   ဝတ္ထုတို  ( ၇ ) ပုဒ်ပါတယ်၊   အချို့အပုဒ်တွေက   အတော်ရှည်တယ်၊   တိုတဲ့   အပုဒ်ကျပြန်တော့လဲ   နှစ်မျက်နှာလောက်။   စာမျက်နှာ   ဘယ်လောက်ပဲ   ဖြစ်ပါစေ   စာတစ်ပုဒ်အဆုံးမှာ   ကြက်သီးဖြန်းခနဲ   ထ   အောင်လုပ်နိုင်တဲ့   စာတွေချည်းပဲ။   ဘာလို့   ကြက်သီးထတာလဲဆိုတာ   သိချင်ရင်   ကိုယ့်ဘာသာဖတ်ကြည့်မှရမယ်  •_• ကိုယ်မြင်သလောက်၊   သိသလောက်ကိုပြောရမယ်ဆိုရင်  Tim  က  Generation Z  ဒါမှမဟုတ်   နောက်ကျပြီးမွေးလာတဲ့  Millennial  တစ်ယောက်၊   ဒီအချက်ကို   သူ့စကားလုံးအသုံးအနှုန်းတွေ၊   သူဖတ်တဲ့စာတွေ၊   အရေးအသားအတွေ၊ ပြီးတော့   အကောင်းဆုံး   အလ...

Study In the Czech Republic

Image
Czech Republic 🇨🇿   ဒီနေ့တော့ ကျနော်သဘောကျနေတဲ့ Czech Republic နိုင်ငံအကြောင်းရယ်၊ မြိုတော် Prague အကြောင်းရယ်၊ Prague မြိုမှာရှိတဲ့ ကျောင်းတွေအကြောင်းရယ် ပြောပြချင်ပါတယ်။ ဒီ post အတွက်ကတော့ နိုင်ငံနဲ့ မြိုအကြောင်း အရင်ပြောပြပါ့မယ်။  History  🕌🏛 ချက် ကအရင်တုန်းက ချက်ကိုစလိုဗားကီးယား နိုင်ငံထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ 1993 မှာမှ ချက်သမ္မတနိုင်ငံနဲ့ ဆလိုဗားကီးယားဆိုပြီး ခွဲထွက်ခဲ့တာပါ။ အရင်တုန်းက communist နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် 1989 Velvet Revolution နောက်ပိုင်းမှာတော့ democratic နိုင်ငံအဖြစ် ဖော်ဆောင်လာခဲ့တာ ခုဆိုနှစ်ပေါင်း သုံးဆယ်ကျော်ရှိပါပြီ။ 1980 ဝန်းကျင်က ချက်ကိုစလိုဗားကီးယားဟာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပေမယ့် ယနေ့ခေတ် ချက် ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာယာတဲ့နိုင်ငံတစ်ခုဖြစ်လိုနေပါပြီ။  Geography 🇨🇿📝 ချက် ဟာ Europe ရဲ့ နှလုံးလိုပြောရမယ့် Central Europe မှာတည်ရှိပြီး အိမ်နီးချင်းနိုင်ငံတွေကတော့ ဂျာမနီ၊ ဩစတြီးယား၊ ပိုလန် နဲ့ ဆလိုဗားကီးယား တိုပဲဖြစ်ပါတယ်။ အထက်ပါနိုင်ငံတွေကို ချက်ကနေ ၃-၄ နာရီလောက် ရထားစီးပြီး သွားလည်နိုင်ပါတယ်၊ Europe န...

စမ်းချောင်း အင်းစိန် ဟားဗတ် - မသီတာ (စမ်းချောင်း)

Image
  " အင်းစိန်ထောင်   နံရံလေးဘက်ကြားမှ   လွတ်မြောက်လာခဲ့သော   ကျွန်မသည်   ထိုထောင်ထက်   ပိုကျယ်သော   နောက်ထောင်ကြီးတစ်ခုထဲသို့   ရောက်နေပြီဖြစ်ကြောင်း   သဘောပေါက်ရပြန်ပါတော့သည်။ " ဒီစာအုပ်ကို   ၂၀၁၇   မှာတစ်ကြိမ်၊   ၂၀၂၁   မှာတစ်ကြိမ်   ဖတ်ဖြစ်ခဲ့ပါတယ်၊   ကိုယ့်အနေနဲ့   စာအုပ်အထူကြီးတွေကို နှစ်ခါဖတ်ဖြစ်တာဆိုလို့   ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့   ခိုင်   ရယ်၊   ဒီစာအုပ်ရယ်ပဲရှိတယ်၊   ဒါတောင်   ခိုင့်   တုန်းက   ဒီစာအုပ်လို   ပိုက်စိပ်တိုက်ပြန်ဖတ်ဖြစ်ခဲ့တာမဟုတ်ပါ၊   ပြောချင်တာက   ဆရာမ   မသီတာရဲ့   စာအုပ်ထဲမှာ   လေ့လာစရာတွေ   အများကြီးရှိနေတယ်၊   သိစရာတွေ၊   ကြည့်စရာတွေ၊   မြင်စရာတွေ   အများကြီးရှိနေတာကြောင့်   အခါခါပြန်ဖတ်ရင်တောင်   တန်နေဦးမယ့်   စာအုပ်တစ်အုပ်ပါပဲ။ စာအုပ်မစခင်   အမှာစာမှာထဲက  " ငါဒီစာအုပ်   ဝယ်တာဖြင့်   တန်ပြီ "  လို့   စိတ်ထဲဖြစ်စေခဲ့တာပါ။   စာရေးဆရာ ...

ခရုပစ်လောင်ချာ

Image
  ကဗျာ ကော်နာ {Saturday Special 💫} ခရုပစ်လောင်ချာစာအုပ်ထဲက   ဖတ်ပြီးသမျှ   ကဗျာတိုင်း၊   တစ်ပုဒ်ချင်းစီကို   ကြိုက်နှစ်သက်ပေမယ့်   သင့်တော်မယ်ထင်တဲ့   တစ်ပုဒ်ကိုပဲ   ရွေးချယ်ထည့်ပေးလိုက်ပါတယ်။ စေ့ရုံစေ့ထားတဲ့ရွှေတံခါးတွေ တစ်ချပ်ပြီး   တစ်ချပ်   အထပ်ထပ်   မတ်တပ်ရပ်နေကြ ချပ်ချပ်   ချပ်ချပ်နဲ့     ပြားချပ်ချပ်   အသံတွေ အဲဒီအသံတွေဟာ   ကတိကဝတ်တွေနဲ့   သံတမန်ခင်းလိုက်   ဖြည်းဖြည်း   ခြေဖျားထောက်ပြီး   ကိုယ်ယောင်ဖျောက်လိုက် အချိန်နဲ့တစ်ပြေးညီ   ဒေါင်လိုက်ရွေ့လျား   ပြေးလွှားလိုက် ဒီတံခါးကနေ   လိရိကဟာ   အမေရိကကို   တွန်းဖွင့်ခဲ့ ဒီတံခါးနောက်မှာ   မော်ဒန်နတီဟာ   အိုင်ဒန်ဒတီ   မထင်ရှား   ပုန်းအောင်းခဲ့ ဒီတံခါးထဲက   ကလောင်သွားဟာ   ဓားသွားကို   ဖြတ်ကျော်ခဲ့ ဒီတံခါးပေါ်     မေတ္တာတွေ   ထွင်းထုထား ဒီတံခါးကို   သစ္စာဟာ   ဖောက်ထွက်သွား မွန်းစတား   လိုက်ရှာခဲ့တာ   ကလေးငယ်   ဘူး   ရဲ့   တံခါး သတ္တ...

အခါတစ်ပါး

Image
  စံပယ်ဖြူနု -  အခါတစ်ပါး ဆရာမစံပယ်ဖြူနုက   ဒီဘက်ခေတ်စာရေးဆရာတွေထဲမှာ   ကိုယ်လေးစားချစ်ခင်ရတဲ့   သူတစ်ဦးမလို့   သူ့စာအုပ်တွေထွက်တဲ့အခါ   လက်မနှေးဘဲ   ဝယ်ဖြစ်ခဲ့တာတွေချည်းပဲ။   အကြိုက်ဆုံးက  " အလွမ်းဆိုင် "  ဖြစ်ခဲ့ပေမယ့်   ဟိုတလောက  " အခါတစ်ပါး "  ကိုဖတ်ကြည့်ပြီးတော့   ဟတ်ထိသွားလို့   ဘယ်စာအုပ်   နံပါတ်၁   ပေးရမလဲဆိုတာ   ခုထိတော့ စဉ်းစားမရသေးဘူး။   အချစ်ဝတ္ထုတွေ   သိပ်မကြိုက်ပေမယ့်   အချစ်အကြောင်းအခြေခံပြီး   လူမှုဘဝပြဿနာတွေကို   ပိုအသားပေးဖော်ပြထားတဲ့   စာအုပ်တွေကိုတော့   ကိုယ်ကြိုက်တယ်။  " အခါတစ်ပါး "  က   အဲ့လိုစာအုပ်။   ဒီစာအုပ်မှာ   ဇာတ်လိုက်တွေက   ကောင်မလေးတစ်ယောက်နဲ့   ကောင်လေးတစ်ယောက်၊   အချစ်ဆုံး   ငယ်သူငယ်ချင်းတွေ။   အရွယ်ရောက်လာတော့   တစ်ယောက်နဲ့တစ်ယောက်   သံယောဇဉ်ပိုကြတာပေါ့  ( ဒါပေမယ့်   ဒီအပိုင်းကို စာရေးဆရာက   ဘယ်သူက   ဘယ်သူ့ကိုဖြင့်   ကြိုက်နေပါပြီဆိုပြီးထည့်ရ...

ကြောင်တွေမရှိတဲ့ကမ္ဘာ

Image
  ကြောင်တွေမရှိတဲ့ကမ္ဘာ  - မျိုးဇော်ဝင်း စာအုပ်နာမည်ဖတ်ပြီး   ဟာ   ဒါမြောင်အကြောင်းရေးထားတဲ့စာအုပ်လားဆိုပြီး   မထင်လိုက်နဲ့ဦး။   ကိုယ်လည်း   အဲ့လိုထင်ပြီး   ဝယ်ခဲ့တာ   ဒါမဲ့   ဝယ်ဖတ်ရတာတန်တဲ့   စာအုပ်။   ပြီးတော့   ဒီစာအုပ်က  kawamuza  ရေးထားတဲ့  "if cats disappeared from the world”  ဆိုတာကို   ဘာသာပြန်ထားတာ။   မြန်မာမူရင်းမဟုတ်ဘူး   ဒါပေမယ့်   ဘာသာပြန်လက်ရာက   မဆိုးဘူး၊   သွက်တယ်လို့ပြောလို့ရတယ်။   “Don’t judge a book by its cover”  ဆိုပေမယ့်   ကိုယ်တွေကတော့   အဖုံးလေးလှရင်   ၈၀ % လောက်ဝယ်ချင်နေပြီ မျက်စိကြသွားတာကိုး ... နောက်ပြီး   ကျောဘက်မှာ   စာတစ်ကြောင်းက   " အသက်တစ်ရက်ရှင်သန်ခွင့်ရဖို့   တစ်ခုခုကို   စတေးရမယ်ဆို   သင်ဘာကိုရွေးချယ်မလဲ "  တဲ့။ ဒီစာအုပ်မှာ   ကာရိုက်တာတွေသိပ်မများဘူး။   ဇာတ်ဆောင်ရယ် ,  သူ့ရည်းစားဟောင်းရယ် ,  သူ့ကြောင်လေးရယ် ,  မာရ်နတ်ရယ်ဒီလောက်ပဲ။   ကိုယ်ကတော့  ...