Inner child- Tim

 အင်းနားချိုင်း - Tim


ဒိစာအုပ်ကို ကြိုက်လွန်းလို့ဖတ်ဖြစ်တာ သုံးခေါက်ရှိပြီ၊ ကိုယ်မှတ်မိသလောက်ဆိုရင် အရင်က "အင်းနားချိုင်းလို genre မျိုး မဖတ်ဖူး၊မတွေ့ဖူးဘူး၊ ဒီ့အတွက် Tim ကိုပဲကျေးဇူးတင်ရမယ်။ 


စာအုပ်ထဲမှာ ဝတ္ထုတို ()ပုဒ်ပါတယ်၊ အချို့အပုဒ်တွေက အတော်ရှည်တယ်၊ တိုတဲ့ အပုဒ်ကျပြန်တော့လဲ နှစ်မျက်နှာလောက်။ စာမျက်နှာ ဘယ်လောက်ပဲ ဖြစ်ပါစေ စာတစ်ပုဒ်အဆုံးမှာ ကြက်သီးဖြန်းခနဲ  အောင်လုပ်နိုင်တဲ့ စာတွေချည်းပဲ။ ဘာလို့ ကြက်သီးထတာလဲဆိုတာ သိချင်ရင် ကိုယ့်ဘာသာဖတ်ကြည့်မှရမယ် •_•


ကိုယ်မြင်သလောက်၊ သိသလောက်ကိုပြောရမယ်ဆိုရင် Tim က Generation Z ဒါမှမဟုတ် နောက်ကျပြီးမွေးလာတဲ့ Millennial တစ်ယောက်၊ ဒီအချက်ကို သူ့စကားလုံးအသုံးအနှုန်းတွေ၊ သူဖတ်တဲ့စာတွေ၊ အရေးအသားအတွေ၊ပြီးတော့ အကောင်းဆုံး အလီဘိုင်ဖြစ်တဲ့ ဆရာပါပီယွန်ရဲ့ အမှာစာ၊ အဲ့တာတွေထဲကယူပြီး ကောက်ချက်ဆွဲထားတာ။ 


အင်းနားချိုင်း စာအုပ်မှာ ကာဗာ art က,စလို့ အကြောင်းအရာတွေအဆုံး surrealism ဆန်တယ်လို့ ပြောလို့ရတယ်။နောက်ကိုယ်စိတ်ဝင်စားတဲ့ အချက်တစ်ခုက Tim ရေးတဲ့ ဝတ္ထုအများစုအဆုံးမှာ "Dedicated to....” ဆိုပြီးထည့်ထားတာပဲ။ Tim က တစ်ချို့ ဝတ္ထုတွေကို reference ယူပြီးရေးထားတယ်ဆိုပေမယ့် သူ့ကိုယ်ပိုင်မူလေးလည်းရှိတယ်၊ အရေးအသားကတော့ သိပ်ကောင်းတယ်လို့ ပြောလို့မရသလို ဆိုးလည်းမဆိုးဘူး။ 


စာအုပ်ထဲမှာ ကိုယ်အကြိုက်ဆုံး က "အကြောင်းအရင်းက လက်ရှိကမ္ဘာနဲ့မလုံလောက်တော့လို့ပါပဲဆိုတဲ့ အပုဒ်၊ယူတို့ဖတ်ပြီးရင်လဲ ဘယ်ဟာအကြိုက်ဆုံးလဲ ပြောသွား 🤓


စတေးဟုမ်း စထုတ်တုန်းက အိမ်မှာနေရင်ဖတ်ဖို့ဆိုပြီး ဝိုင်းမော်စာအုပ်တိုက်က ဒီစာအုပ် ကို pdf အလကားထုတ်ပေးထားတယ်၊ အဲ့ link ပါချပေးလိုက်မယ်။ 


Personal rating- 4.45 (it is very personal, and it’s according to my own criteria)


Pdf link: အင်းနားချိုင်း 



https://bit.ly/3aeu97H

Comments

Popular posts from this blog

စမ်းချောင်း အင်းစိန် ဟားဗတ် - မသီတာ (စမ်းချောင်း)

ကြောင်တွေမရှိတဲ့ကမ္ဘာ

ကြောင်တေလေရဲ့ခရီးသွားမှတ်တမ်း