အခါတစ်ပါး

 စံပယ်ဖြူနုအခါတစ်ပါး



ဆရာမစံပယ်ဖြူနုက ဒီဘက်ခေတ်စာရေးဆရာတွေထဲမှာ ကိုယ်လေးစားချစ်ခင်ရတဲ့ သူတစ်ဦးမလို့ သူ့စာအုပ်တွေထွက်တဲ့အခါ လက်မနှေးဘဲ ဝယ်ဖြစ်ခဲ့တာတွေချည်းပဲ။ အကြိုက်ဆုံးက "အလွမ်းဆိုင်ဖြစ်ခဲ့ပေမယ့် ဟိုတလောက "အခါတစ်ပါးကိုဖတ်ကြည့်ပြီးတော့ ဟတ်ထိသွားလို့ ဘယ်စာအုပ် နံပါတ်၁ ပေးရမလဲဆိုတာ ခုထိတော့စဉ်းစားမရသေးဘူး။ 


အချစ်ဝတ္ထုတွေ သိပ်မကြိုက်ပေမယ့် အချစ်အကြောင်းအခြေခံပြီး လူမှုဘဝပြဿနာတွေကို ပိုအသားပေးဖော်ပြထားတဲ့ စာအုပ်တွေကိုတော့ ကိုယ်ကြိုက်တယ်။ "အခါတစ်ပါးက အဲ့လိုစာအုပ်။ 


ဒီစာအုပ်မှာ ဇာတ်လိုက်တွေက ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်၊ အချစ်ဆုံး ငယ်သူငယ်ချင်းတွေ။ အရွယ်ရောက်လာတော့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ပိုကြတာပေါ့ (ဒါပေမယ့် ဒီအပိုင်းကိုစာရေးဆရာက ဘယ်သူက ဘယ်သူ့ကိုဖြင့် ကြိုက်နေပါပြီဆိုပြီးထည့်ရေးတာမဟုတ်ဘူး၊ ဇာတ်ကောင်တွေရဲ့အပြုအမူကနေ တဖြည်းဖြည်း unfold လုပ်သွားတာ) တစ်နေ့ကျတော့ မိသားစုပြဿနာကြောင့် ကောင်လေးကအိမ်ပေါ်ကဆင်းပြီး မြို့ပြောင်းသွား၊ ကောင်မလေးက ကျန်ခဲ့။ ဒါပဲလား....ဖန်တရာတေနေတဲ့ ဇာတ်လမ်းတွေပါကွာဆိုပြီး အပြောမစောနဲ့ဦး၊ အောက်ကိုဆက်ဖတ်။ 


ကိုယ်စာအုပ်ထဲမှာကြိုက်တဲ့ ပထမအချက်တစ်ခုက အရွယ်ရောက်ပြီးသား ယောက်ျားလေးနဲ့ မိန်းကလေးတွဲသွားတာ ပတ်ဝန်းကျင်မှာပြောစရာ၊ မိန်းကလေးက အိမ်ထောင်တစ်ခုမှာ အမြဲ သည်းခံပေးရမှာ၊ မိသားစုတစ်ခုမှာအဖေမကောင်းရင် သားကပါ အဖေ့ခြေရာနင်းမှာ၊ အဲ့လို society မှာအမြဲတွေ့နေရတဲ့ toxic norms တွေကို ဆရာမက ဒီစာအုပ်မှာ ပါးပါးလေး ပုတ်ပြသွားတာကိုပဲ။ 


နောက်တစ်ခုက ‘တင်ပြပုံ ကိုယ်မှတ်မိသလောက်ဆိုရင် main time frame ကသုံးခု၊ လက်ရှိရယ်အတိတ်ရယ်အတိတ်ရဲ့ အတိတ်ရယ်။ အဲ့သုံးခုထဲမှာမှ စာဖတ်သူနားလည်အောင် ရှင်းရှင်းလေးလေးရေးပြထားတယ်။ အရေးအသားကို ဆက်ချီးမွန်းရမယ် ဆိုရင် "ညက်ညောတယ်ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးလို့ရမယ်ထင်တယ်။စာကြောင်းတိုင်းကရှင်းပြီး အပိုအလိုမရှိ၊ သုံးတဲ့စကားလုံးနဲ့ စာဖတ်သူကိုပေးချင်တဲ့ မက်ဆေ့က ကွက်တိ၊ အဲ့လိုစာရေးဆရာမျိုးပါဆို။ 


Overall ပြောရမယ်ဆို ကိုယ်နှစ်သက်တယ်၊ အချိန်ပေးပြီးဖတ်ရတာတန်တဲ့ စာအုပ်လို့မြင်တယ်။ Do you recommend it or not လို့မေးလာရင်တော့ 70% recommendation ပေးပါတယ်။ 


Personal Rating - 4.4 


စာအုပ်မှာယူရန် link - https://www.facebook.com/Ma.Har201507/


#Reflection_ပုံရိပ်



Comments

Popular posts from this blog

စမ်းချောင်း အင်းစိန် ဟားဗတ် - မသီတာ (စမ်းချောင်း)

ကြောင်တွေမရှိတဲ့ကမ္ဘာ

ကြောင်တေလေရဲ့ခရီးသွားမှတ်တမ်း