ကြောင်တွေမရှိတဲ့ကမ္ဘာ
ကြောင်တွေမရှိတဲ့ကမ္ဘာ -မျိုးဇော်ဝင်း
စာအုပ်နာမည်ဖတ်ပြီး ဟာ ဒါမြောင်အကြောင်းရေးထားတဲ့စာအုပ်လားဆိုပြီး မထင်လိုက်နဲ့ဦး။ ကိုယ်လည်း အဲ့လိုထင်ပြီး ဝယ်ခဲ့တာ ဒါမဲ့ ဝယ်ဖတ်ရတာတန်တဲ့ စာအုပ်။ ပြီးတော့ ဒီစာအုပ်က kawamuza ရေးထားတဲ့ "if cats disappeared from the world” ဆိုတာကို ဘာသာပြန်ထားတာ။ မြန်မာမူရင်းမဟုတ်ဘူး ဒါပေမယ့် ဘာသာပြန်လက်ရာက မဆိုးဘူး၊ သွက်တယ်လို့ပြောလို့ရတယ်။
“Don’t judge a book by its cover” ဆိုပေမယ့် ကိုယ်တွေကတော့ အဖုံးလေးလှရင် ၈၀%လောက်ဝယ်ချင်နေပြီမျက်စိကြသွားတာကိုး...နောက်ပြီး ကျောဘက်မှာ စာတစ်ကြောင်းက
"အသက်တစ်ရက်ရှင်သန်ခွင့်ရဖို့ တစ်ခုခုကို စတေးရမယ်ဆို သင်ဘာကိုရွေးချယ်မလဲ" တဲ့။
ဒီစာအုပ်မှာ ကာရိုက်တာတွေသိပ်မများဘူး။ ဇာတ်ဆောင်ရယ်, သူ့ရည်းစားဟောင်းရယ်, သူ့ကြောင်လေးရယ်, မာရ်နတ်ရယ်ဒီလောက်ပဲ။ ကိုယ်ကတော့ ဇာတ်ဆောင်နည်းရင် သိပ်ကြိုက်တယ်၊ သိပ်မမှတ်ရဘူးကိုး။
စာအုပ်အဖွင့်မှာ စထဲက ဇာတ်လိုက်က ကင်ဆာနဲ့သေရတော့မယ်တဲ့၊ အလွန်ခံ ခြောက်လပဲတဲ့။ ဒါမဲ့သူ ဒီစာအုပ်ထဲမှာတော့ ဘယ်သေမလဲ၊ စာရေးဆရာဆက်ရေးစရာမရှိဖြစ်သွားမှာပေါ့၊ ဇာတ်သိမ်းမှ သတ်ရင်တော့ တစ်မျိုး။ အိုကေ အဲ့တော့ဇာတ်လိုက်ကတွေးတယ်၊ ငါမသေခင်ဘာလုပ်ချင်လဲပေါ့ တကယ်သေရမယ်ဆိုတော့ မသေခင်လုပ်သွားသင့်တဲ့အရာဆယ်မျိုး ဘာညာဆိုတာလည်း ခေါင်းထဲကထွက်မလာ။ ဘယ်ထွက်မလဲ ကိုယ်သေရတော့မယ်ဆိုတာပဲ စိတ်ထဲစွဲနေပြီကို။
အဲ့မှာသူအိမ်ပြန်ရောက်တော့ သူနဲ့ချွတ်စွတ်တူတဲ့ မာရ်နတ်နဲ့တွေ့တယ်။ သူက ဇာတ်လိုက်နဲ့ အပေးယူလာလုပ်တာ၊မင်းအသက်တစ်ရက်ရှည်အောင်ငါလုပ်ပေးမယ်...အဲ့အတွက်မင်း ကမ္ဘာပေါ်ကပစ္စည်းတစ်ခုကိုပျောက်အောင်လုပ်ပေးရမယ်တဲ့။ ဇာတ်လိုက်ကို ရှိသမျှပစ္စည်းတွေကို လိုက်ရှာပြီး ဖျက်ဆီးခိုင်းတာမဟုတ်ဘူး၊ သူကပြောရုံဘဲမာရ်နတ်ကဖျောက်ပေးမှာ, အတွေးမတိမ်နဲ့
အဲ့လိုနဲ့ အပေးအယူတည့်ပြီး တစ်နေ့တစ်ခုဖျောက်လိုက်ကြတယ်။ အော် ဒါနဲ့ကြားမှာပြောဖို့ကျန်ခဲ့တာ ဇာတ်လိုက်ရဲ့ ကြောင်လေးအကြောင်း။ နာမည်က ကတ်ဘေ့ (cabbage) တဲ့၊ သူသိပ်ချစ်တဲ့ သူရဲ့တစ်ဦးတည်းသောသူငယ်ချင်းပေါ့။ နောက်ဆုံးကြတော့ မာရ်နတ်က ကမ္ဘာပေါ်ကကြောင်တွေအားလုံးကို ဖျောက်မယ့်နေ့ရောက်လာရော။ ဒီမှာ ဇာတ်လိုက်ခေါင်းကိုက်ပြီ...ကတ်ဘေ့မရှိတဲ့ဘဝက သူ့အတွက် ပျော်ရွှင်စရာမရှိတဲ့ ဘဝဘဲ။ အဲ့မှာသူအဓိပ္ပာယ်မဲ့ရှင်သန်ချင်းကိုပဲရွေးချယ်မလား, တစ်နေ့သေရမယ့်အတူတူ ကြောင်လေးတွေကိုပဲ ဆက်ရှင်သန်ခိုင်းရမလားပေါ့။
ဇာတ်သိမ်းက ဝမ်းနည်ဖို့ကောင်းတယ်၊ ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်က သိပ်ကောင်းတယ်၊ ဇာတ်အိမ်လည်း ကိုယ်တော့ကြိုက်တယ်။ ဒီမှာ မရေးဘဲချန်ထားတဲ့ အပိုင်းတွေရှိသေးတယ်, အဲ့တာကမှ စာအုပ်ရဲ့ မိန်းမက်ဆေ့။ ခုကစာအုပ်ကိုပဲ intro ဝင်ချင်တာရယ်, spoiler မပေးချင်တာရယ်ကြောင့် မထည့်ထားတာ။ နောက်တစ်ပိုင်းဆက်ရေးဖြစ်ရင် သေချာပေါက်ထည့်ရေးပေးမယ်၊ ခုတော့ စာအုပ်အရင်ဝယ်ဖတ်လိုက်ဦး။ အဆုံးထိဖတ်ပေးတဲ့အတွက်သိုင်းကျူး။
Personal rating- 4.05/5
စာအုပ်မှာယူရန် link - https://www.facebook.com/Zalatnisarpay-2193155520719889/
Comments
Post a Comment