Posts

Showing posts from December, 2020

အခါတစ်ပါး

Image
  စံပယ်ဖြူနု -  အခါတစ်ပါး ဆရာမစံပယ်ဖြူနုက   ဒီဘက်ခေတ်စာရေးဆရာတွေထဲမှာ   ကိုယ်လေးစားချစ်ခင်ရတဲ့   သူတစ်ဦးမလို့   သူ့စာအုပ်တွေထွက်တဲ့အခါ   လက်မနှေးဘဲ   ဝယ်ဖြစ်ခဲ့တာတွေချည်းပဲ။   အကြိုက်ဆုံးက  " အလွမ်းဆိုင် "  ဖြစ်ခဲ့ပေမယ့်   ဟိုတလောက  " အခါတစ်ပါး "  ကိုဖတ်ကြည့်ပြီးတော့   ဟတ်ထိသွားလို့   ဘယ်စာအုပ်   နံပါတ်၁   ပေးရမလဲဆိုတာ   ခုထိတော့ စဉ်းစားမရသေးဘူး။   အချစ်ဝတ္ထုတွေ   သိပ်မကြိုက်ပေမယ့်   အချစ်အကြောင်းအခြေခံပြီး   လူမှုဘဝပြဿနာတွေကို   ပိုအသားပေးဖော်ပြထားတဲ့   စာအုပ်တွေကိုတော့   ကိုယ်ကြိုက်တယ်။  " အခါတစ်ပါး "  က   အဲ့လိုစာအုပ်။   ဒီစာအုပ်မှာ   ဇာတ်လိုက်တွေက   ကောင်မလေးတစ်ယောက်နဲ့   ကောင်လေးတစ်ယောက်၊   အချစ်ဆုံး   ငယ်သူငယ်ချင်းတွေ။   အရွယ်ရောက်လာတော့   တစ်ယောက်နဲ့တစ်ယောက်   သံယောဇဉ်ပိုကြတာပေါ့  ( ဒါပေမယ့်   ဒီအပိုင်းကို စာရေးဆရာက   ဘယ်သူက   ဘယ်သူ့ကိုဖြင့်   ကြိုက်နေပါပြီဆိုပြီးထည့်ရ...

ကြောင်တွေမရှိတဲ့ကမ္ဘာ

Image
  ကြောင်တွေမရှိတဲ့ကမ္ဘာ  - မျိုးဇော်ဝင်း စာအုပ်နာမည်ဖတ်ပြီး   ဟာ   ဒါမြောင်အကြောင်းရေးထားတဲ့စာအုပ်လားဆိုပြီး   မထင်လိုက်နဲ့ဦး။   ကိုယ်လည်း   အဲ့လိုထင်ပြီး   ဝယ်ခဲ့တာ   ဒါမဲ့   ဝယ်ဖတ်ရတာတန်တဲ့   စာအုပ်။   ပြီးတော့   ဒီစာအုပ်က  kawamuza  ရေးထားတဲ့  "if cats disappeared from the world”  ဆိုတာကို   ဘာသာပြန်ထားတာ။   မြန်မာမူရင်းမဟုတ်ဘူး   ဒါပေမယ့်   ဘာသာပြန်လက်ရာက   မဆိုးဘူး၊   သွက်တယ်လို့ပြောလို့ရတယ်။   “Don’t judge a book by its cover”  ဆိုပေမယ့်   ကိုယ်တွေကတော့   အဖုံးလေးလှရင်   ၈၀ % လောက်ဝယ်ချင်နေပြီ မျက်စိကြသွားတာကိုး ... နောက်ပြီး   ကျောဘက်မှာ   စာတစ်ကြောင်းက   " အသက်တစ်ရက်ရှင်သန်ခွင့်ရဖို့   တစ်ခုခုကို   စတေးရမယ်ဆို   သင်ဘာကိုရွေးချယ်မလဲ "  တဲ့။ ဒီစာအုပ်မှာ   ကာရိုက်တာတွေသိပ်မများဘူး။   ဇာတ်ဆောင်ရယ် ,  သူ့ရည်းစားဟောင်းရယ် ,  သူ့ကြောင်လေးရယ် ,  မာရ်နတ်ရယ်ဒီလောက်ပဲ။   ကိုယ်ကတော့  ...

ငါးဖမ်းသမား - မိုးေကျာ်ဇင်

ငါးဖမ်းသမား  -  မိုးကျော်ဇင်   ဒီစာအုပ်လေးက၂၀၁၉   ခုနစ်အတွက်   အမျိုးသားစာပေရခဲ့တဲ့   စာအုပ်၊   ဒီတလောတင်   ဒုတိယအကြိမ်ထွက်တယ်။ ကိုယ်   စ , ဖတ်ခဲ့တာ   လွန်ခဲ့တဲ့နှစ်လလောက်ကဖြစ်ပေမယ့်   စာအုပ်ကပေးတဲ့   ပြင်းထန်တဲ့  emotion  တွေကြောင့်   ကိုင်လိုက်   ချလိုက်   ဖတ်ခဲ့ရတဲ့စာအုပ်။   ကိုယ်က   ပင်လယ်လှိုင်း   တွေကိုကြောက်တယ်၊   ငါးဆိုမကြိုက်ဘူး၊   ဆိုတော့ဒီစာအုပ်ထဲက   စာတစ်ကြောင်းခြင်းဆီကို   မနှစ်မြို့ခြင်းတွေနဲ့ဖတ်ခဲ့တယ်။   ဒါပေမယ့်   ဖတ်နေရင်းကနေ   ဇာတ်ကောင်နေရာက   ဝင်ခံစားကြည့်တယ် .... ခံပြင်းတယ်၊   နောက်ဇာတ်ကောင်တစ်ကောင်နေရာကနေ   ကြည့်ပြန်တယ် .... ခံပြင်းပြန်တယ်။   ဇာတ်သိမ်းခန်းရောက်တော့   တစ်အုပ်လုံးနီးပါးစုထားတဲ့   မျက်ရည်ကကျလာ၊   နောက်   စာအုပ်ဆုံးသွားတော့   ဟာတာတာ ... ဒီစာအုပ်မှာ   ဆရာမိုးကျော်ဇင်က   ကိုယ်တွေကြားနိုင်စွမ်းမရှိခဲ့တဲ့  " အော်သံ "  တွေရဲ့   အကြောင်းကို   ပြတ်ပြတ်သာ...

ရွာရန်ရွာနှုန်း ၈၀

Image
  ရွာရန်ရွာနှုန်း   ၈၀ % -  သော်တာအေးလဲ့   ဆရာမသော်တာအေးလဲ့ကို  ' မနက်ဖြန်မှ   ပြုံးတော့မယ် '  စာအုပ်မှာ   စငြိတာပါ။   အရေးအသားကလည်း   ဂျွတ်တယ်၊ plot  ကလည်း   မိတယ်ဆိုပြီး   ဒီဘက်ခေတ်   စာရေးဆရာတွေထဲ   စောင့်ဖတ်စာရင်းသွင်းခဲ့တဲ့   ဆရာပေါ့၊   ရွာရန်ရွာနှုန်းစာအုပ်က   ကိုယ့်ကို   ရသအပြည့်ပေးတယ်၊   အချစ်   အိမ်ထောင်ရေး   အကြောင်းရေးထားတဲ့   စာအုပ်တွေ   သဘောမကျတတ်လို့   မဖတ်တဲ့   ကိုယ်တောင်မှ   ဒီစာအုပ်ကိုလက်ဖျားခါသွားတယ်။   ဥပမာ -  ဖြူက   မင်းမြတ်အပေါ်     အနိုင်ပိုင်းတဲ့အခန်းဆိုရင်   စာရေးဆရာက   ထင်းထင်းကြီးမရေးထားဘဲနဲ့ကို   ကြက်သီးတွေ   တဖြန်းဖြန်းထလာတာမျိုး။   နောက်ဆုံးစာမျက်နှာမှာဆိုလည်း   စာတိုလေးတစ်ခုနှစ်ခု  " ဘယ်တော့မှ "  ဆိုတဲ့   စာလေးနဲ့တင်   ရင်မှာတသိမ့်သိမ့်တုန်သွားတာမျိုး၊   ပြောရရင်  Heart  ထိအောင်ရေးနိုင်တယ်ပေါ့။   အဲ့လိုထိအောင်လည်း   ဆရာမက ...

ကြောင်တေလေရဲ့ခရီးသွားမှတ်တမ်း

Image
  ကြောင်တေလေရဲ့   ခရီးသွားမှတ်တမ်း - မျိုးဇော်ဝင်း   ဒီလူကတော့   ကြောင်အကြောင်း   စာအုပ်တွေဘဲ  review  ရေးနေတော့တာပဲဟု   အထင်မရောက်ခင်   ဤစာအုပ်မှာ လောလောလတ်လတ်လက်ဆောင်ရထားသော   စာအုပ်ဖြစ်၍   ပူပူနွေးနွေးဖတ်ပြီးသကာလ   ကြိုက်နှစ်သက်သောကြောင့်   တင်ခြင်းဖြစ်သည်ဟု   စကားပလ္လင်ခံ   ပြောထားပါရစေ။    တိုက်တိုက်ဆိုင်ဆိုင်   ဒီစာအုပ်ကို   ဘာသာပြန်သူကလည်း   ဆရာမျိုးဇော်ဝင်းပါပဲ။   ဂျပန်ဘာသာကနေ   ပြန်ဆိုထားတာဖြစ်ပြီး   မူရင်းစာရေးဆရာက   ဒီစာအုပ်နဲ့ပဲ   နာမည်ကြီးခဲ့တဲ့  Hiro Arikawa  ပါ။   Spoiler  🚨  ( ဒါပေမယ့်   ဒီစာအုပ်လေးက   ဆမ်မာရီပြန်ရေးပြရင်တောင်   စာအုပ်ကို   ကိုယ်တိုင်အစဆုံးဖတ်ရတဲ့ အရသာနဲ့   မတူလို့   ဖတ်သာဖတ်ကြည့်ပါ )  🤓 ဇာတ်လမ်းအဖွင့်မှာ   လမ်းဘေးကြောင်လေးတစ်ကောင်ရဲ့  perspective  ကနေ   သူကိုယ်တိုင်စကားပြောတတ်သလို ပုံစံလေးနဲ့ဖွင့်ထားတယ်။   နောက်ပိုင်းတွေမှာလဲ   ကြောင်ဘက်ကရေ...