ရွာရန်ရွာနှုန်း ၈၀
ရွာရန်ရွာနှုန်း ၈၀% - သော်တာအေးလဲ့
ဆရာမသော်တာအေးလဲ့ကို 'မနက်ဖြန်မှ ပြုံးတော့မယ်' စာအုပ်မှာ စငြိတာပါ။ အရေးအသားကလည်း ဂျွတ်တယ်၊plot ကလည်း မိတယ်ဆိုပြီး ဒီဘက်ခေတ် စာရေးဆရာတွေထဲ စောင့်ဖတ်စာရင်းသွင်းခဲ့တဲ့ ဆရာပေါ့၊
ရွာရန်ရွာနှုန်းစာအုပ်က ကိုယ့်ကို ရသအပြည့်ပေးတယ်၊ အချစ် အိမ်ထောင်ရေး အကြောင်းရေးထားတဲ့ စာအုပ်တွေ သဘောမကျတတ်လို့ မဖတ်တဲ့ ကိုယ်တောင်မှ ဒီစာအုပ်ကိုလက်ဖျားခါသွားတယ်။ ဥပမာ- ဖြူက မင်းမြတ်အပေါ် အနိုင်ပိုင်းတဲ့အခန်းဆိုရင် စာရေးဆရာက ထင်းထင်းကြီးမရေးထားဘဲနဲ့ကို ကြက်သီးတွေ တဖြန်းဖြန်းထလာတာမျိုး။
နောက်ဆုံးစာမျက်နှာမှာဆိုလည်း စာတိုလေးတစ်ခုနှစ်ခု "ဘယ်တော့မှ" ဆိုတဲ့ စာလေးနဲ့တင် ရင်မှာတသိမ့်သိမ့်တုန်သွားတာမျိုး၊ ပြောရရင် Heart ထိအောင်ရေးနိုင်တယ်ပေါ့။ အဲ့လိုထိအောင်လည်း ဆရာမက စကားလုံးအသုံးနှုန်းတွေကို သေချာစိစစ်ပြီးသုံးထားတာ လေးစားစရာတွေ့ရတယ်။
ကိုယ် ဒီစာအုပ်ကို အဓိကခိုက်သွားရတဲ့ အကြောင်းကတော့ စာရေးဆရာရဲ့ တည်ဆောက်ထားတဲ့ Time Frame ကြီးပဲ၊ နောက်ကြောင်းပြန်ဆိုတာထက် သူက ရုပ်ရှင်ရိုက်နေသလိုမျိုး အောင့်ရဲ့ point of view ကိုရောက်သွားလိုက်ဖြူ့ဘက်ရောက်သွားလိုက်၊ နောက်တစ်ခါ အောင့် သမီးလေးနဲ့အတူ လေယာဉ်ပေါ်မှာရောက်နေတဲ့ အခန်းကိုပြန်လာလိုက်နဲ့ အချိန်ကို ကစားသွားတာ ကစားမှန်းမသိလိုက်အောင်ကို smooth ဖြစ်လွန်းပါတယ်။ ဆရာတက္ကသိုဘ်ဘုန်းနိုင်ရဲ့ "စွန့်ခွာရသောနွေညများ" ထဲက ဇာတ်ဆောင်တစ်ယောက်ပြောခဲ့တဲ့ ရုပ်ရှင်နဲ့ စာပေ ကွာခြားချက်များထဲက တစ်ချက်ကို ရှင်းရှင်းကြီးဖောက်ဖျက် ချပြသွားတယ်လို့မြင်ပါတယ်။
ပြောချင်တာက ကိုယ် ဒီစာအုပ်ကို သိပ်ခိုက် သိပ်ကြိုက်ဆိုတာပါပဲ၊ အရင်ခေတ်ကရေးတဲ့ ရသစာပေတွေနဲ့ကြီးလာတဲ့ကိုယ့်အဖို့ စစ်မှန်တဲ့ modern ရသကိုရလိုက်တာပဲ။ ဆရာမကတော့ ရိုးရိုးလေးရေးထားတာပဲ၊ စာဖတ်သူတွေက အကြီးကြီး Heart ထိနေတော့လည်း မတတ်ဘူးပေါ့လေနော့်။ ကိုယ့်အပြောဒီမှာရပ်ပါပြီ၊ Review မဟုတ်တဟုတ်မလို့ ဇာတ်လမ်းသိချင်ရင်တော့ ဝယ်ဖတ်ကြပါဗျား။
Personal rating- 5/5
စာအုပ်မှာယူရန် link - https://www.facebook.com/KantKawWutYeePublishing/
#Reflection_ပုံရိပ်
Comments
Post a Comment