ငါးဖမ်းသမား - မိုးေကျာ်ဇင်
ငါးဖမ်းသမား - မိုးကျော်ဇင်
ဒီစာအုပ်လေးက၂၀၁၉ ခုနစ်အတွက် အမျိုးသားစာပေရခဲ့တဲ့ စာအုပ်၊ ဒီတလောတင် ဒုတိယအကြိမ်ထွက်တယ်။ကိုယ် စ,ဖတ်ခဲ့တာ လွန်ခဲ့တဲ့နှစ်လလောက်ကဖြစ်ပေမယ့် စာအုပ်ကပေးတဲ့ ပြင်းထန်တဲ့ emotion တွေကြောင့် ကိုင်လိုက် ချလိုက် ဖတ်ခဲ့ရတဲ့စာအုပ်။
ကိုယ်က ပင်လယ်လှိုင်း တွေကိုကြောက်တယ်၊ ငါးဆိုမကြိုက်ဘူး၊ ဆိုတော့ဒီစာအုပ်ထဲက စာတစ်ကြောင်းခြင်းဆီကို မနှစ်မြို့ခြင်းတွေနဲ့ဖတ်ခဲ့တယ်။ ဒါပေမယ့် ဖတ်နေရင်းကနေ ဇာတ်ကောင်နေရာက ဝင်ခံစားကြည့်တယ်....ခံပြင်းတယ်၊ နောက်ဇာတ်ကောင်တစ်ကောင်နေရာကနေ ကြည့်ပြန်တယ်....ခံပြင်းပြန်တယ်။ ဇာတ်သိမ်းခန်းရောက်တော့ တစ်အုပ်လုံးနီးပါးစုထားတဲ့ မျက်ရည်ကကျလာ၊ နောက် စာအုပ်ဆုံးသွားတော့ ဟာတာတာ...
ဒီစာအုပ်မှာ ဆရာမိုးကျော်ဇင်က ကိုယ်တွေကြားနိုင်စွမ်းမရှိခဲ့တဲ့ "အော်သံ" တွေရဲ့ အကြောင်းကို ပြတ်ပြတ်သားသားကြားနိုင်အောင် ရေးထားတယ်။ သူကပြောတယ်, "ငါးဖမ်းသင်္ဘောတစ်စီးတွင် အလုပ်လုပ်ခဲ့သည့်သင်္ဘောသားအချို့အကြောင်းဖြစ်ပါသည်" တဲ့။
ဒါပေမယ့် ထို "အချို့" ဆိုသော တန်ဖိုးကို မည်သည်နှင့်ယှဉ်၍ ဆုံးဖြတ်ပါသနည်း။ သေချာသည်မှာထို "အချို့" သည် နွေဦး၁၂၅ သင်္ဘောပေါ်မှာ ပါလာခဲ့တဲ့ မြန်မာသင်္ဘောသားတစ်စုထဲမဟုတ်တန်ရာ။ ကိုယ်တွေ "အော်သံ" ဘယ်နှခုကို မျက်ကွယ်ပြုခဲ့ပြီးပါပြီလဲဆိုတာကို မရေတွက်နိုင်ခဲ့ပါ။
Personal rating-4.9/5
စာအုပ်မှာယူရန် link - https://www.facebook.com/KantKawWutYeePublishing/
Comments
Post a Comment