ကြောင်တေလေရဲ့ခရီးသွားမှတ်တမ်း


 ကြောင်တေလေရဲ့ ခရီးသွားမှတ်တမ်း-မျိုးဇော်ဝင်း 


ဒီလူကတော့ ကြောင်အကြောင်း စာအုပ်တွေဘဲ review ရေးနေတော့တာပဲဟု အထင်မရောက်ခင် ဤစာအုပ်မှာလောလောလတ်လတ်လက်ဆောင်ရထားသော စာအုပ်ဖြစ်၍ ပူပူနွေးနွေးဖတ်ပြီးသကာလ ကြိုက်နှစ်သက်သောကြောင့် တင်ခြင်းဖြစ်သည်ဟု စကားပလ္လင်ခံ ပြောထားပါရစေ။  


တိုက်တိုက်ဆိုင်ဆိုင် ဒီစာအုပ်ကို ဘာသာပြန်သူကလည်း ဆရာမျိုးဇော်ဝင်းပါပဲ။ ဂျပန်ဘာသာကနေ ပြန်ဆိုထားတာဖြစ်ပြီး မူရင်းစာရေးဆရာက ဒီစာအုပ်နဲ့ပဲ နာမည်ကြီးခဲ့တဲ့ Hiro Arikawa ပါ။ 


Spoiler 🚨 (ဒါပေမယ့် ဒီစာအုပ်လေးက ဆမ်မာရီပြန်ရေးပြရင်တောင် စာအုပ်ကို ကိုယ်တိုင်အစဆုံးဖတ်ရတဲ့အရသာနဲ့ မတူလို့ ဖတ်သာဖတ်ကြည့်ပါ🤓


ဇာတ်လမ်းအဖွင့်မှာ လမ်းဘေးကြောင်လေးတစ်ကောင်ရဲ့ perspective ကနေ သူကိုယ်တိုင်စကားပြောတတ်သလိုပုံစံလေးနဲ့ဖွင့်ထားတယ်။ နောက်ပိုင်းတွေမှာလဲ ကြောင်ဘက်ကရေးလိုက်လူတွေစကားပြောတဲ့ဘက်က ရေးပြလိုက်နဲ့ ကစားသွားတာသိပ်ဖတ်လို့ကောင်းတယ်၊ ကိုယ့်အထင်တော့ အဲ့လိုအရေးအသားလေးကပဲ ဒီစာအုပ်ကို ပိုပြီးunique ဖြစ်သွားစေတာ။ 


ဇာတ်လမ်းပြန်ဆက်ရမယ်ဆို အဲ့လမ်းဘေးကြောင်လေးကို ဆာတိုရူဆိုတဲ့ ကြောင်ချစ်သူတစ်ယောက်ကတွေ့တော့အမြဲအစာလာကျွေးတယ်၊ နောက်ပိုင်း ကြောင်လေးကားတိုက်ပြီး လမ်းမလျှောက်နိုင်ဖြစ်တော့ သူကမွေးစားထားလိုက်တယ်ပေါ့။  


မွေးစားပြီးနောက်ပိုင်း ဆာတိုရူက ကြောင်အထီးလေးကို နာနာလို့ နာမည်ပေးလိုက်တယ် (ဒါကို နာနာက မကြိုက်ဘူး၊ မိန်းကလေး နာမည်နဲ့တူလို့တဲ့အဲ့လိုနဲ့ နှစ်တွေကြာလာတဲ့အခါမှာ ဆာတိုရူက သူအရမ်းချစ်ရတဲ့ နာနာကိုသူများကိုပေးရဖို့ အခြေအနေတစ်ရပ်ပေါ်လာတယ်။ အဲ့တာနဲ့ သူ သူ့သူငယ်ချင်းတွေဆီကို တစ်အိမ်ထွက်တစ်အိမ်ဝင်ပြီး နာနာနဲ့ အဆင်ပြေဆုံးအိမ်ကိုရှာတယ်။ အဲ့မှာ သူ့သူငယ်ချင်းတွေ တစ်ယောက်ပြောင်းအိမ်ရောက်တိုင်း  ဆာတိုရူရဲ့ ဘဝနဲ့ပတ်သက်ပြီးနောက်ကြောင်းပြန်ပြတယ်။ ဇာတ်လမ်းက အများစု ဒါပါပဲ။ 


ဒါပေမယ့် ဇာတ်လမ်းထဲမှာမှ နာနာရဲ့ perspective အပိုင်းရောက်ပြီဆို ဖတ်ရတာသိပ်ချစ်ဖို့ကောင်းသလို ရယ်လဲရယ်ရတယ်။ လူတွေက လူဆိုတာ ၃၁မှာအကောင်းဆုံးဆိုပြီး "ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီးပြောကြသလိုပဲ နာနာကလည်း ကြောင်ဆိုတော့ သူတို့တွေ ဘယ်လိုတော်ကြောင်း၊ဘာသာစကား ဘယ်နှခုနားလည်ကြောင်း သိပ်ကြွားပြချင်တာ။ အဲ့လိုအခန်းတွေဆို တပြုံးပြုံးနဲ့ ဖတ်ရတာ သိပ်ချစ်စရာကောင်းတယ်။ 


ဆာတိုရူကလည်း နာနာကို ကြောင်ဖြစ်ပေမယ့် လူလိုပဲစကားတွေအမြဲတမ်းလာပြောတယ်၊ တခုခုလုပ်တော့မယ်ဆိုတိုင်ပင်တာကအစ 'နာနာဆိုတော့ ဒါကလည်း ဒီဝတ္ထုရဲ့ charm တစ်ခုလို့ပြောလို့ရတယ်။ 


ဇာတ်သိမ်းက ဝမ်းနည်ဖို့ကောင်းပါတယ်၊ ဒါပေမယ့် နွေးထွေးတဲ့ ဝမ်းနည်းမှုပေါ့။ Overall ပြောရရင် စာအုပ်လေးက တကယ်ချစ်ဖို့ကောင်းပြီး ကိုယ့်မှာအလိုလိုနေရင်း ကြောင်မွေးချင်သွားတယ် ☹️ စာအုပ်က ထူပေမယ့် ဖတ်ရတာ ပေါ့ပေါ့ပါးပါးဘဲ ဆိုတော့ ဖတ်ကြည့်စေချင်ပါတယ် (အထူးသဖြင့် ကြောင်ချစ်သူများ


ပြီးတော့ ဒီစာအုပ်ကစပြီး personal rating ပေးသွားမယ်လို့ ဆုံးဖြတ်ထားတယ်။ Out of five မှာ ကိုယ်ကြိုက်တဲ့အချက်နဲ့ မကြိုက်တာကို balance လုပ်ပြီးပေးသွားမှာ၊ ဒီမှာတော့ အဲ့တာတွေလိုက်ပြီး အသေးစိတ်မရေးပြတော့ဘူးနော်။


ကြောင်တေလေရဲ့ ခရီးသွားမှတ်တမ်း - 4.5 /5


A.N comment မှာ စာအုပ်မှာယူနိုင်မယ့် စာပေတိုက် link လေးချပေးထားပါမယ်။ 

Comments

Post a Comment

Popular posts from this blog

စမ်းချောင်း အင်းစိန် ဟားဗတ် - မသီတာ (စမ်းချောင်း)

ကြောင်တွေမရှိတဲ့ကမ္ဘာ