Posts

Showing posts from August, 2021

အညတရရုပ်ပုံလွှာများ- မြသန်းတင့်

 အညတရရုပ်ပုံလွှာများ - မြသန်းတင့် "ကျွန်တောိ့ အင်တာဗျူးတွေဟာ ကျွန်တော်တို့နိုင်ငံက သာမန်လူတွေရဲ့ ဘဝတွေ၊ အတန်းအစား အသီးသီးက သူတွေရဲ့ ဘဝအကြောင်း မြန်မာ စာဖတ်ပရိသတ်တွေ သိစေချင်လို့ပါ။ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းကြီးက အပိတ်ကြီး။ တစ်ယောက်အကြောင်း တစ်ယောက် သေချာ နားမလည်ကြဘူး။" "ကျွန်တော်ရေးတာ ပြင်ပကမ္ဘာက သူတွေအတွက် မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံက သူတွေအတွက်ပါ" ဆရာမြဟာ အမေရိကန်အဖွဲ့အစည်းတွေအကြောင်းရေးထားတဲ့ Studs Terkel ရဲ့ စာအုပ်တွေကို ဖတ်မိပြီး ဒီစာအုပ်ကိုရေးဖို့ အကြံရသွားတာလို့ အမှာစာမှာဖော်ပြထားတယ်။  တကယ်ပဲ ဆရာရေးခဲ့တဲ့ အင်တာဗျူးတွေထဲက လူတွေရဲ့ ဘဝတွေဟာ အခုကာလထိ ထင်ဟပ်နေတုန်းပဲ။ စာအုပ်ထဲမှာ မြို့ကြီးကလူတွေအကြောင်းလဲပါတယ်၊ မြို့သေးသေးလေးက လူတွေအကြောင်းလဲပါတယ်။ ဟိုး ရှမ်းပြည်နယ်၊ ကယားပြည်နယ်ဘက်က တိုင်းရင်းသားတွေအကြောင်းလဲပါတာပဲ။  စပယ်ယာအကြောင်းလဲ ပါသလို လူ့လောကကို စိတ်ကုန်ပြီး သာသနာ့ဘောင်ဝင်သွားတဲ့ ဆရာလေးအကြောင်းလဲပါတယ်။ ပြဇာတ်ကတဲ့ ယိမ်းသမအကြောင်းကနေ မိုင်းတွင်းထဲက အလုပ်သမားအကြောင်းထိ စိတ်ဝင်စားဖို့ကောင်းတာချည်းပဲ။ ဒီစာအုပ်ထဲမှာ ဘဝတွေစုံသလို လူတွေလည်း စုံတယ်။ အလုပ်တွေလည်း စု...

Inner child- Tim

Image
  အင်းနားချိုင်း  - Tim ဒိစာအုပ်ကို   ကြိုက်လွန်းလို့ဖတ်ဖြစ်တာ   သုံးခေါက်ရှိပြီ၊   ကိုယ်မှတ်မိသလောက်ဆိုရင်   အရင်က  " အင်းနားချိုင်း "  လို  genre  မျိုး   မဖတ်ဖူး၊မတွေ့ဖူးဘူး၊   ဒီ့အတွက်  Tim  ကိုပဲကျေးဇူးတင်ရမယ်။   စာအုပ်ထဲမှာ   ဝတ္ထုတို  ( ၇ ) ပုဒ်ပါတယ်၊   အချို့အပုဒ်တွေက   အတော်ရှည်တယ်၊   တိုတဲ့   အပုဒ်ကျပြန်တော့လဲ   နှစ်မျက်နှာလောက်။   စာမျက်နှာ   ဘယ်လောက်ပဲ   ဖြစ်ပါစေ   စာတစ်ပုဒ်အဆုံးမှာ   ကြက်သီးဖြန်းခနဲ   ထ   အောင်လုပ်နိုင်တဲ့   စာတွေချည်းပဲ။   ဘာလို့   ကြက်သီးထတာလဲဆိုတာ   သိချင်ရင်   ကိုယ့်ဘာသာဖတ်ကြည့်မှရမယ်  •_• ကိုယ်မြင်သလောက်၊   သိသလောက်ကိုပြောရမယ်ဆိုရင်  Tim  က  Generation Z  ဒါမှမဟုတ်   နောက်ကျပြီးမွေးလာတဲ့  Millennial  တစ်ယောက်၊   ဒီအချက်ကို   သူ့စကားလုံးအသုံးအနှုန်းတွေ၊   သူဖတ်တဲ့စာတွေ၊   အရေးအသားအတွေ၊ ပြီးတော့   အကောင်းဆုံး   အလ...

Study In the Czech Republic

Image
Czech Republic 🇨🇿   ဒီနေ့တော့ ကျနော်သဘောကျနေတဲ့ Czech Republic နိုင်ငံအကြောင်းရယ်၊ မြိုတော် Prague အကြောင်းရယ်၊ Prague မြိုမှာရှိတဲ့ ကျောင်းတွေအကြောင်းရယ် ပြောပြချင်ပါတယ်။ ဒီ post အတွက်ကတော့ နိုင်ငံနဲ့ မြိုအကြောင်း အရင်ပြောပြပါ့မယ်။  History  🕌🏛 ချက် ကအရင်တုန်းက ချက်ကိုစလိုဗားကီးယား နိုင်ငံထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ 1993 မှာမှ ချက်သမ္မတနိုင်ငံနဲ့ ဆလိုဗားကီးယားဆိုပြီး ခွဲထွက်ခဲ့တာပါ။ အရင်တုန်းက communist နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် 1989 Velvet Revolution နောက်ပိုင်းမှာတော့ democratic နိုင်ငံအဖြစ် ဖော်ဆောင်လာခဲ့တာ ခုဆိုနှစ်ပေါင်း သုံးဆယ်ကျော်ရှိပါပြီ။ 1980 ဝန်းကျင်က ချက်ကိုစလိုဗားကီးယားဟာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပေမယ့် ယနေ့ခေတ် ချက် ကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာယာတဲ့နိုင်ငံတစ်ခုဖြစ်လိုနေပါပြီ။  Geography 🇨🇿📝 ချက် ဟာ Europe ရဲ့ နှလုံးလိုပြောရမယ့် Central Europe မှာတည်ရှိပြီး အိမ်နီးချင်းနိုင်ငံတွေကတော့ ဂျာမနီ၊ ဩစတြီးယား၊ ပိုလန် နဲ့ ဆလိုဗားကီးယား တိုပဲဖြစ်ပါတယ်။ အထက်ပါနိုင်ငံတွေကို ချက်ကနေ ၃-၄ နာရီလောက် ရထားစီးပြီး သွားလည်နိုင်ပါတယ်၊ Europe န...