စမ်းချောင်း အင်းစိန် ဟားဗတ် - မသီတာ (စမ်းချောင်း)

" အင်းစိန်ထောင် နံရံလေးဘက်ကြားမှ လွတ်မြောက်လာခဲ့သော ကျွန်မသည် ထိုထောင်ထက် ပိုကျယ်သော နောက်ထောင်ကြီးတစ်ခုထဲသို့ ရောက်နေပြီဖြစ်ကြောင်း သဘောပေါက်ရပြန်ပါတော့သည်။ " ဒီစာအုပ်ကို ၂၀၁၇ မှာတစ်ကြိမ်၊ ၂၀၂၁ မှာတစ်ကြိမ် ဖတ်ဖြစ်ခဲ့ပါတယ်၊ ကိုယ့်အနေနဲ့ စာအုပ်အထူကြီးတွေကို နှစ်ခါဖတ်ဖြစ်တာဆိုလို့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ခိုင် ရယ်၊ ဒီစာအုပ်ရယ်ပဲရှိတယ်၊ ဒါတောင် ခိုင့် တုန်းက ဒီစာအုပ်လို ပိုက်စိပ်တိုက်ပြန်ဖတ်ဖြစ်ခဲ့တာမဟုတ်ပါ၊ ပြောချင်တာက ဆရာမ မသီတာရဲ့ စာအုပ်ထဲမှာ လေ့လာစရာတွေ အများကြီးရှိနေတယ်၊ သိစရာတွေ၊ ကြည့်စရာတွေ၊ မြင်စရာတွေ အများကြီးရှိနေတာကြောင့် အခါခါပြန်ဖတ်ရင်တောင် တန်နေဦးမယ့် စာအုပ်တစ်အုပ်ပါပဲ။ စာအုပ်မစခင် အမှာစာမှာထဲက " ငါဒီစာအုပ် ဝယ်တာဖြင့် တန်ပြီ " လို့ စိတ်ထဲဖြစ်စေခဲ့တာပါ။ စာရေးဆရာ ...